|
(၆၂)
ကြိမ်မြောက်
မွန်အမျိုးသားတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်
မွန်အမျိုးသားပြည်သူအပေါင်းတို့၊
ပါတီရဲဘော်အပေါင်းတို့။
ကျွန်ုပ်တို့မွန်အမျိုးသားသည်
အမျိုးသားအင်္ဂါလက္ခဏါရပ်များနှင့်
ပြည့်စုံပြီး
သမိုင်းတွင်
တင်ရှားရှိခဲ့သော်ငြားလည်း
အမျိုးသားအခွင့်အရေးများကို
အသိမှတ်ပြုခြင်း
မခံရဘဲ
အာဏါသုံး
ပိတ်ပင်ခံခဲ့ရခြင်းကြောင့်
မလွဲရှောင်သာ
လက်နက်ကိုင်တော်လှန်ရေးကို
ဆင်နွှဲလာခဲ့ခြင်းဖြစ်ပါသည်။
ယခုအခါ
မွန်အမျိုးသားတော်လှန်ရေးနေ့သည်
(၆၂) ကြိမ်မြောက်
ရှိလာသည့်တိုင်အောင်
ကျွနု်ပ်တို့
မွန်အမျိုးသားတို့၏၊
ရည်မှန်းချက်ပန်းတိုင်သို့
မရောက်ရှိနိုင်သေးပါ။
မွန်အမျိုးသား
လွတ်မြောက်မှု
တော်လှန်ရေးတစ်ရပ်
တည်ရှိခြင်းကြောင့်
မွန်အမျိုးသားအပေါ်
အသိသမှတ်ပြုမှုအချို့
ရရှိလာခဲ့ပြီး
လူမျိုးရေး
ဝါးမြိုမှုဒဏ်မှလည်း
သက်သာရာရခဲ့ပါသည်။
ဒီအကျိုးကျေးဇူး
အသီးအပွင့်များ
ရရှိလာရန်
အသက်၊
သွေး၊
ချွေး၊
ပေးလှူကာ
ကြိုးစားအားထုတ်လာခဲ့ကြသည့်
ခေတ်အဆက်ဆက်မှ
အာဇာနည်
ခေါင်းဆောင်
ရဲဘော်များနှင့်
ပြည်သူလူထုတို့ကို
အမြဲတစေ
ဦးညွတ်
ဂါရဝပြုနေမည်
ဖြစ်ပါသည်။
လူမျိုးပေါင်းစုံ
မှီတင်းနေထိုင်ကြသော
ကျွန်ုပ်တို့ပြည်ထောင်စုတွင်
တိုင်းရင်းသားများအပေါ်
လူမျိုးရေးအရ
အသိမှတ်မပြုဘဲ
နည်းမျိုးစုံဖြင့်
ဝါးမြို ဖိနှိပ်နေခြင်းကြောင့်
လူမျိုးပေါင်းစုံတို့သည်
အမျိုးသားလွတ်မြောက်ရေးအတွက်
လက်နက်ကိုင်
တိုက်ပွဲဝင်ကြရပါသည်။
ထို့ကြောင့်
ကျွန်ုပ်တို့ပြည်ထောင်စုတွင်
ပြည်တွင်းစစ်
ဖြစ်နေရခြင်းဖြစ်သည်။
ထိုပြည်တွင်းစစ်ကြောင့်
အဖိုးတန်သယံဇာတ
ပြည့်စုံကြွယ်ဝသော်ငြားလည်း
တိုင်းပြည်ဆင်းရဲမွဲတေနေရပါသည်။
ပြည်သူလူထု၏
ဘဝသည် လုံခြုံမှုမရှိ
လူ့အခွင့်အရေး၊
ဒီမိုကရေစီအခွင့်အရေးတို့လည်း
ဆုံးရှံး၊
လူမျိုးစုံ
သွေးစည်းချစ်ကြည်ရေးလည်း
ပျက်ပြားခဲ့ရပါသည်။
လူမျိုးစုံပြည်သူအပေါင်းတို့သည်
နိုင်ငံခြားသို့
တိမ်းရှောင်ထွက်ခွာပြီ
ကျွန်အဖြစ်ခံ
အသက်မွေးဝမ်းကျောင်း
ရှာဖွေနေရသည်မှာလည်း
အမြောက်အများ
ရှိလာခဲ့သည်။
ကျွန်ုပ်တို့နိုင်ငံ၏၊
ယနေ့နိင်ငံရေးအနေအထားသည်
ကြီးမားသောအလှည့်အပြောင်းကို
ရောက်ရှိနေပါသည်၊
စစ်အစိုးရသည်
(2008) ခုနှစ်အတွင်း
နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေကို
အတည်ပြုပြီး
(2010) ၌
ရွေးကောက်ပွဲအသစ်
ကျင်းပမည်ဖြစ်ကြောင်း
ကြေညာထားပါသည်
ရွေးကောက်ပွဲမတိုင်ခင်၌
လက်နက်ကိုင်
အပစ်ရပ်လူမျိုးစုများ၏
တပ်ကို တပ်မတော်လက်အောက်
အတင်းပြောင်းထားရှိရန်
ဆွေးနွေးစီစဉ်လျက်ရှိသည်။
ဤလုပ်ရပ်သည်
အမျိုးသားအခွင့်အရေးပြဿနာကို
ပြီိးပြတ်ပြေလည်အောင်
မဖြေရှင်းခင်
စပ်ကြားလုပ်ဆောင်ခြင်း
ဖြစ်သောကြောင့်
အပစ်ရပ်အဖွဲ့အများစုမှာ
လက်သင့်မခံနိုင်
ဖြစ်လာခဲ့ကြသည်။
ဤအစီစဉ်အတိုင်း
မဖြစ်မနေ
အကောင်အထည်
ဖေါ်မည်ဆိုပါက
ယနေ့ရရှိထားသော
ပြည်တွင်းငြိမ်းချမ်းရေးသည်
များစွာစိုးရိမ်သောက
ရောက်စရာ
အနေအထားသို့
ရောက်သွားမည်ဖြစ်သည်။
အကောင်းဆုံးမှာ
ဒေါ်အောင်ဆန်းစုကြည်နှင့်
ခွန်ထွန်းဦးတို့အပါအဝင်
နိုင်ငံရေးအကျဉ်းသားများအားလုံးကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
နိုင်ငံရေးပြဿနာကို
တွေ့စုံဆွေးနွေး
အဖြေရှာခြင်းပင်ဖြစ်သည်။
မွန်အမျိုးသားပြည်သူအပေါင်းတို့၊
ပါတီရဲဘော်အပေါင်းတို့။
မွန်ပြည်သစ်ပါတီနှင့်
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည်
အခြားလူမျိုးစုများကဲ့သို့ပင်
နိုင်ငံရေး
ပြဿနာကို
တွေ့ဆုံဆွေးနွေးရေး
နည်းလမ်းဖြင့်
ဖြေရှင်းနိုင်ရန်
အပစ်အခတ်ရပ်စဲခဲ့ရခြင်းဖြစ်သည်၊
မွန်အမျိုးသား
ပြည်သူလူထုအတွက်
ပါတီ
နှင့်
တပ်မတော်
ရှိနေခြင်းကြောင့်
အချိုသော
အမျိုသားအခွင့်အရေးများ
ရရှိကာ
အမျိုးသား
ဘဝသည်လည်း
အတန်အသင့်လုံခြုံမှု
ရရှိလာသည်။
မွန်အမျိုသားအများအတွက်
ကိုယ်ပိုင်ပြဌာန်းခွင့်
အာမခံချက်
မရှိဘဲ
ပါတီ
နှင့်
တပ်ခွဲထားခြင်း၊
ဖျက်သိမ်းခြင်းကို
လက်ခံနိုင်မည်
မဟုတ်ပါ။
ဖြစ်နိုင်မည်ဆိုလျှင်
အပစ်အခတ်ရပ်စဲရေးကို
ဆက်လက်ထိန်းသိမ်း
သွားမည်ဖြစ်ပြီး
တွေ့ဆုံဆွေးနွေးခြင်းဖြင့်
နိုင်ငံရေးပြဿနာကို
ဖြေရှင်းသွားရန်
လက်ရှိအစိုးရ၊
အနာဂတ်အစိုးရသစ်နှင့်သော်လည်းကောင်း
ရပ်တည်တောင်းဆိုသွားမည်ဖြစ်ပါသည်။
ဒီအလှည့်အပြောင်း
ကာလကြီးတွင်
ပါတီဝင်ရဲဘော်၊
မျိုးချစ်ပြည်သူအပေါင်းတို့
အမျိုးသားအင်အားစု၊
ဒီမိုကရေစီအင်အားစု
မဟာမိတ်များနှင့်
လက်တွဲပြီး
တွေဝေနောက်တွန့်ခြင်း
မရှိဘဲ ရဲရင့်ညီညာစွာ
အမျိုးသားလွတ်မြောက်ရေးပန်းတိုင်သို့
ချီတက်သွား
ကြပါစို့ဟု
တိုက်တွန်းနိုးဆော်လိုက်ပါသည်။
မွန်အမျိုးသားများ
--- --- --- --- သွေးစည်းကြ။
စစ်မှန်သောပြည်ထောင်စု
--- --- --- -- တည်ဆောက်ကြ။
အမျိုးသားလွတ်မြောက်မှုတော်လှန်ရေး
--- --- --- --- အောင်ရမည်။
၁၃၇၁/ဝါခေါင်လပြည့်နေ့
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
2009/ Aug/ (5) ရက်
မွန်ပြည်သစ်ပါတီ
(ဗဟို)
မွန်ပြည်သစ်ပါတီ
ဗဟို
၆၂-
ကြိမ်မြောက်မွန်အမျိုးသားနေ့
ထုတ်ပြန်ကြေငြာချက်
မျိုချစ်ပြည်သူအပေါင်းတို့၊
မွန်ပြည်သစ်ပါတီရဲဘော်အပေါင်းတို့
-
၁၉၄၆ခုနှစ်
ပင ညီလာခံ၊
၁၉၄၇ခုနှစ်ရွာလွတ်ညီလာခံတို့၏
ဆုံးဖြတ်ချက်အရ
ဟံသာဝတီမွန်ပြည်ထူထောင်သောနေ့
(တပို့တွဲလဆုတ်
၁ ရက်နေ့)ကို
မွန်အမျိုးသားနေ့အဖြစ်
သတ်မှတ်ပြီး
အခမ်းအနားများ
ကျင်းပလာခဲ့သည်မှာ
ယခုအခါ
အနှစ်ပေါင်း
(၆၀)ကျော်လာခဲ့ပါပြီ
ဖြစ်သည်။
မွန်အမျိုးသားနေ့သည်
ယခုအခါ
ပြည်တွင်းပြည်ပ
မွန်အမျိုးသားထုတရပ်လုံး၏
နေ့ထူးနေ့မြတ်ကြီး
တရက်ဖြစ်လာခဲ့ပါပြီ။
မွန်အမျိုးသားထု၏
နှလုံးသည်းပွတ်ဝယ်
နှစ်ပေါင်း(၂၅၀)ကျော်
ကိုယ်ပိုင်ပြဌာန်းခွင့်မဲ့နေသော
ဘဝမှ
ဇာတိသွေးဇာတိမာန်
ပြန်လည်ပြည့်ဖြိုးလာကာ
ကိုယ့်အမျိုးသားအတွက်
ကိုယ်ကျိုးမငဲ့
ဆောင်ရွက်ချင်စိတ်များ
ပြန်လည်မွေးဖွာလာစေသော
အထိမ်းအမှတ်နေ့ရက်လည်း
ဖြစ်ပါသည်။
ဤမျိုးချစ်စိတ်ဓါတ်ကို
မှန်ကန်သော
အမျိုးသားရေး
စိတ်ဓါတ်အဖြစ်
အသွင်ပြောင်းယူကာ
ယနေ့မွန်အမျိုးသားထု၏
လက်ငင်း
ရင်ဆိုင်နေရသော
နိုင်ငံရေး၊
လူမှုရေး
ပြဿနာများ
ဖြေးရှင်ရာတွင်
အားမာန်အဖြစ်
အသုံးပြုရမည်
ဖြစ်ပါသည်။
အမျိုးသားလွတ်မြောက်
လှုပ်ရှားမှု
ကာလသည်
ကြာရှည်လာသည်နှင့်အမျှ
အချို့သော
ရေစုန်မ
ှာလှေကြုံလိုက်သူတို့သည်
စွန့်ကြဲပေးကမ်းလာသမျှ
အမျိုးသားအခွင့်အရေးတို့ဖြင့်
တင်းတိမ်ရောင့်ရဲချင်
လာကြပြီး၊
အချို့မှာ
အမျိုးသားနိုင်ငံ(ယူနစ်)သည်
အနာဂတ်တွင်
မရှိတော့သယောင်
စဉ်းစားလာမှုများ
ရှိလာကြသည်။
ဤသည်မှာ
လွဲမှားသော
စဉ်းစားချက်ဖြစ်ပါသည်။
လွန်ခဲ့သည့်
(၂၀၀၈) ခုနှစ်
အတွင်းမှာပင်
နိုင်ငံအချို့၌
ပဒေသရာဇ်တော်လှန်ရေး
အောင်ပွဲရခဲ့ကြပြီး၊
အချို့မှာ
နိုင်ငံအသစ်အဖြစ်
ထူထောင်လိုက်နိုင်ခြင်းများ
ရှိသည်ကို
တွေ့နိုင်ပါသည်။
ထို့ကြောင့်
“အောင်ပွဲသည်
တိုက်ရဲသူအတွက်သာ”
ဟူသော
ဆောင်ပုဒ်အတိုင်း
မိမိရည်မှန်းချက်
လုပ်ဆောင်ချက်များကို
ဦးတည်ချက်
မသွေဖီဘဲ
စွဲစွဲမြဲမြဲ
ဆုပ်ကိုင်ကာ
အဆင့်တိုင်း၌
တထစ်ချင်း
မြင့်တက်လာသော
လုပ်ငန်းစဉ်များဖြင့်၊
ရှေ့ဆက်သွားရန်
လိုအပ်ပါသည်။
မွန်ပြည်သစ်ပါတီ
အနေဖြင့်
နိုင်ငံအကျိုး
ပြည်သူ့အကျိုးကို
အလေးထားပြီး
နိုင်ငံရေးအရ
တွေ့ဆုံဆွေးနွေးရေးဖြင့်၊
ပြဿနာများ
ဖြေရှင်းရန်
တစိုက်မတ်မတ်
တောင်းဆိုရပ်တည်လာခဲ့ပါသည်။
အရေးပါသော ကာယကံရှင်အဖွဲ့အစည်းများ
အပြည့်အစုံမပါဝင်ဘဲနှင့်ချမှတ်ခဲ့သောဆုံးဖြတ်ချက်များသည်
အမျိုးသားပြန်လည်သင်မြတ်ရေးအတွက်
အကျိုးပေးနိုင်မည်မ
ဟုတ်ပါ။
အမျိုးသားညီညွတ်ရေးသည်
တိုင်းပြည်
အေးချမ်းသာယာတိုးတက်ရေးအတွက်
အခြေခံအကျဆုံး
လုပ်ငန်းစဉ်ဖြစ်သည်။
ထို့ကြောင့်
နိုင်ငံရေးအရ
တွေ့ဆုံဆွေးနွေးရေးသည်
ပြီးဆုံးသွားသည့်အဆင့်တခု
မဟုတ်ဘဲ
မည်မျှသေးငယ်သော
သဘောတူညီချက်
ဖြစ်ပါစေရရှိရန်
တွေ့ဆုံဆွေးနွေးကြဖို့
အရေကြီးပါသည်။
မျိုးချစ်မွန်ပြည်သူအပေါင်းတို့၊
မွန်ပြည်သစ်ပါတီရဲဘော်အပေါင်းတို့-
ယနေ့
အခြေအနေတွင်
တော်လှန်ရေး၊
နိုင်ငံရေး
အနေအထားများကိုသာမက
စီးပွါးရေး၊
လူမှုရေး၊
ပြောင်းလဲမှုများကိုလည်း
မျက်ခြေမပြတ်ရန်
လိုအပ်ပါသည်။
မွန်အမျိုးသားဒေသအတွင်း
လူမျိုးစု၊
လူဦးရေ
အနေအထား
ပြောင်းလဲမှုများအပေါ်
အခြေခံ၍
ဖြစ်ပေါ်လာမည့်
ဂယက်များ၊
အရှေ့တောင်အရှနိုင်ငံများအတွင်း
ကြိုးပမ်းအကောင်ထည်
ဖေါ်လျက်ရှိသော
စီးပွါးရေးဇုံ၊
ဖွံဖြိုးရေးဇုံများအပေါ်
လာမည့်အကျိုးသက်ရောက်မှုများကို
သတိကြီးကြီးထား၍
တုံ့ပြန်ဆောင်ရွက်ရန်
လိုမည်ဖြစ်ပါသည်။
အမျိုးသားရေး
သတိကြီးမားစွာ
ရှိရန်လိုသလို
ဖြစ်ထွန်းပေါ်ပေါက်လာမည့်
စီးပွါးရေး၊
ဖွံဖြိုးရေး
အခွင့်အလမ်းများ
ရယူနိုင်စွမ်းရှိရန်လည်း
လိုအပ်လျက်
ရှိပါသည်။
အချုပ်အားဖြင့်
အမျိုးသားနေ့ထူးနေ့မြတ်
အခါသမယတွင်
မွန်ပြည်သစ်ပါတီသည်
ပါတီစုံဒီမိုကရေစီထွန်းကာရေးနှင့်
အခွင့်အာဏာရှိသော
မွန်ပြည်ပေါ်ထွန်းရေး
အရေးတော်ပုံကြီးအတွက်
ဘဝတူ
မဟာမိတ်များနှင့်အတူ
အမျိုးသားညီညွတ်ရေး
တပ်ပေါင်းစုတရပ်ဖြင့်
ဆက်လက်
တိုက်ပွဲဝင်
ကြိုးပမ်းသွားမည်ဖြစ်ပြီး
မျိုးချစ်မွန်ပြည်သူအပေါင်မှလည်း
ကျရာကဏ္ဍ
ရောက်ရာ
အဆင့်များမှ
ဝိုင်းဝန်းပံ့ပိုး
ပါဝင်လုပ်ဆောင်သွားကြပါရန်
နှိုးဆော်
တိုက်တွန်း
ပန်ကြားအပ်ပါသည်။
မွန်တမျိုးသားလုံး
သွေးစည်းကြ
စစ်မှန်သော
ပြည်ထောင်စု
တည်ထောင်ကြ
မွန်တို့ကံကြမ္မာ
မွန်တို့ဖန်တီးနိုင်ရမည်
၁၃၇၀-
ခုနှစ်
တပို့တွဲလပြည့်ကျော်(၁)ရက်
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၀၀၉-
ခုနှစ်
ဖေဖော်ဝါရီလ(၁၀)ရက်
မွန်ပြည်သစ်ပါတီ
မွန်ပြည်သစ်ပါတီ
သတ္တမအကြိမ်
ပါတီညီလာခံ
ထုတ်ပြန်ကြေငြာချက်
မွန်ပြည်သစ်ပါတီ၏
သတ္တမအကြိမ်မြောက်
ပါတီညီလာခံကို
ကိုယ်စားလှယ်
နှင့်
လေ့လာသူ
စုစုပေါင်း
(၁၂၀)ဦးကျော်ဖြင့်
ပါတီဌာနချုပ်တွင်
ဇန်နာဝါရီ (၁)
ရက်နေ့မှစတင်ကျင်းပခဲ့ရာ
(၁၇)
ရက်နေ့တွင်
အောင်မြင်စွာ
ပြီးစီးသွားခဲ့ပါသည်။
ညီလာခံကြီးတွင်
ဗဟိုကော်မတီ၏
လုပ်ငန်းအစီရင်ခံစာကို
ဆွေးနွေးပြင်ဆင်
အတည်ပြုခဲ့သလို
ပါတီအခြေခံနိုင်ငံရေးလမ်းစဉ်နှင့်
ပါတီဖွဲ့စည်းပုံ
အခြေခံဥပဒေတို့ကို
ပြန်လည်စီစစ်အတည်ပြုခဲ့ပါသည်။
လက်ရှိနိုင်ငံရေးအခြေအနေ
အကွေ့အလှည့်တွင်
အပစ်အခတ်ရပ်စဲရေးကို
ထိန်းသိမ်းရင်းနှင့်
ပြည်သူလူထုကို
မည်သို့သဘောထားချခင်းပြီး
မြှင့်တင်အားပေးသွားရမည်ကို၎င်း
လူထုအဖွဲ့အစည်းအမျိုးမျိုးနှင့်
မည်သို့သွေးစည်းညီညွတ်ရေး
တည်ဆောက်ရမည်ကို၎င်း
လုပ်ငန်းလမ်းညွှန်များ
ချမှတ်ခဲ့ပါသည်။
နိုင်ငံရေးပြဿနာကို
တွေ့ဆုံဆွေးနွေး
အဖြေရှာမှုသည်၊
မည်သို့
ဆက်လက်ဖြစ်ပေါ်သွားနိုင်သည်ကို၎င်း၊
အပစ်အခတ်ရပ်စဲရေးအဖွဲ့များ၏
အကြပ်အတည်း
အခက်အခဲကြီးမားနေမှုကို၎င်း
လေးလေးနက်နက်
ဆွေးနွေးကြပြီး
မည်သို့လမ်းထွင်ခရီးဆက်
ရမည်ကို
ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
(၂၀၀၈)
ခုနှစ်အတွင်း
အတည်ပြုခဲ့သော
နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့်
ပက်သတ်၍
ပြန်လည်သုံးသပ်သင့်ပြီး
ဆွေးနွေးညှိုနှိုင်းမှုမပါဘဲ၊
ဤအတိုင်း
အရှေ့ဆက်သွားမည်ဆိုပါက
(၂၀၁၀)
ရွေးကောက်ပွဲကို
လက်ခံ
စဉ်းစားရန်
အခက်အခဲရှိနေမှုကိုလည်း
ဆုံးဖြတ်ချမှတ်ခဲ့ပါသည်။
နောက်ညီလာခံတခုသို့၊
မရောက်ခင်
စပ်ကြားနိုင်ငံရေး
ဦးတည်ချက်များကိုလည်း၊
အောက်ပါအတိုင်း
ချမှတ်ခဲ့ပါသည်။
၁။
မွန်အမျိုးသားသွေးစည်းညီညွတ်မှု
မြှင့်တင်ရေး
၂။
လူမျိုးစုံချစ်ကြည်သွေးစည်းမှု
တည်ဆောက်ရေး
၃။
တပြည်လုံးငြိမ်းချမ်းရေးအတွက်
သုံးပွင့်ဆိုင်
ဆွေးနွေးပွဲဖြင့်
နိုင်ငံရေးအရ
အဖြေရှာရေး
၎။
ပါတီစုံဒီမိုကရေစီဖြစ်ပေါ်ထွန်းကားရေး
၅။
ကိုယ်ပိုင်ပြဌာန်းခွင့်
နှင့်
ဒီမိုကရေစီပြည့်ဝသော
စစ်မှန်သည့်
ပြည်ထောင်စု
တည်ဆောက်ရေး -
ပါတီ၏
ခေါင်းဆောင်မှုအဖွဲ့
ဗဟိုကော်မတီ
(၂၇) ဦး နှင့်
အရံ (၅)
ဦးကို၊
လျှိ့ဝှက်ဆန္ဒမဲဖြင့်
ရွေးချယ်ခဲ့ပါသည်။
ဥက္ကဌ
နိုင်ထောမွန်
နှင့် ဒု-ဥက္ကဌ
နိုင်ရဿ တို့
ဦးစီးသော
ဗဟိုကော်မတီအသစ်သည်၊
အခွင့်အာဏာရှိသော
မွန်ပြည်ပေါ်ထွန်းရေးအတွက်
ဒီမိုကရေစီအင်အားစုနှင့်
ဘဝတူအမျိုးသားလွတ်မြောက်ရေးအင်အားစုများနှင့်အတူ
အရှုံးခံအလျှော့ပေးခြင်းမရှိဘဲ
မဆုတ်မနစ်
ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ကြေငြာအပ်ပါသည်။
၁၃၇၀-ခုနှစ်၊
ပြာသိုလဆုတ်
(၈) ရက်
၂၀၀၉-ခုနှစ်၊
ဇန်နာဝါရီလ
(၁၉)ရက်
ဗဟိုကော်မတီ
မွန်ပြည်သစ်ပါတီ
|
|
(၆၁)
ကြိမ်မြောက်
မွန်အမျိုးသား
တော်လှန်ရေးနေ့
ထုတ်ပြန်ကြေငြာချက်
မွန်ပြည်သစ်ပါတီ
(ဗဟို)
မွန်အမျိုးသား
ပြည်သူအပေါင်းတို့၊
ပါတီရဲဘော်
အပေါင်းတို့
-
ဖဆပလအစိုးရ
ကျေးရွာကာကွယ်ရေးများကို
ဘားအံမြို့နယ်
ဇာသပြင်ကျေးရွာမှ
အစပြုပြီး
အနီးပတ်ဝန်းကျင်
ကျေးရွာတစ်လျှောက်
ဆက်လက်၍
လက်နက်ဖြုတ်သိမ်းရာမှ
စတင်လာခဲ့သော
မွန်အမျိုးသား
တော်လှန်ရေးသည်
မွန်ပြည်သစ်ပါတီနှင့်
မွန်အမျိုးသား
လွတ်မြောက်ရေး
တပ်မတော်၏
ပုခုံးထက်တွင်
ခရီးဆက်နှင်နေဆဲဖြစ်သည်။
ယခုနှစ်သည်
မွန်ပြည်သစ်ပါတီ၏
ရွှေရတုနှစ်ဖြစ်ရာ
တော်လှန်ရေး
လမ်းကြောင်း
တစ်လျှောက်
အသက်စတေးပူဇော်သွားရသူ
အာဇာနည်ခေါင်းဆောင်တို့ကို
ဦးညွှတ်ဂုဏ်ပြုရမည်
ဖြစ်ပါသည်။
ထိုအာဇာနည်များ
ကိုယ်ကျိုးမဖက်
စွမ်းစွမ်းတမံ
လုပ်ဆောင်ချက်များကြောင့်
ယနေ့တော်လှန်ရေး၏
အသီးအပွင့်များ
ရရှိခံစားနေရခြင်းကို
ဆင်ခြင်နှလုံးသွင်း
သင့်ပါသည်။
မြန်မာနိုင်ငံရေးသည်
အရေးကြီးသော
အလှည့်အပြောင်း
အကွေ့တစ်ကွေ့ကို
ရောက်ရှိသွားခြင်းဖြစ်သည်။
တပ်မတော်အစိုးရ၏
ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပေဒဆိုင်ရာ
ပြည်သူ့ဆန္ဒခံယူပွဲ
ပြီးမြောက်သွားခြင်းနှင့်အတူ
အနာဂါတ်
နိုင်ငံရေး
ဂယက်များ
ဖြစ်ပွားလျက်
ရှိပေသည်။
သိန်းချီ
သေကြေဒဏ်ရာရ
ပျောက်ဆုံးခဲ့ရသော
မေလ
နာဂစ်မုန်တိုင်း၏
ဒဏ်ရာဒဏ်ချက်များသည်လည်း
မြန်မာပြည်သူအပေါင်း၏
ရုပ်ပိုင်းနှင့်
စိတ်ပိုင်းဆိုင်ရာ
နှစ်ခုစလုံးတွင်
ထင်ကျန်
ဂယက်ထနေဆဲ
ဖြစ်သည်။
နိုင်ငံရေး၊
လူမှုရေး
အခြေအနေထဲတွင်
မွန်အမျိုးသားတို့
အပါအဝင် မြန်မာပြည်သူလူထုအပေါင်းသည်
နိုင်ငံရေးအရ
ပိုမိုနိုးကြားလာသည်ကို
တွေ့နိုင်ပါသည်။
စစ်အုပ်ချုပ်ရေးမှ
အရပ်ဘက်အုပ်ချုပ်ရေးသို့
အသွင်ကူးပြောင်းရာ၌
ကြားကာလပုံစံ
နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပေဒတစ်ရပ်
လိုအပ်သည်
မှန်သော်လည်း
ဤပုံစံသစ်ကို
တည်ရှိလေသော
နိုင်ငံရေးအင်အားစု
အပါအဝင်
ပြည်သူလူထု
အများစု၏
စစ်မှန်သည့်
ထောက်ခံမှု
ရှရှိမှသာ
ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။
သို့မဟုတ်လျှင်
အမျိုးသား
ပြန်လည်သင့်မြတ်မှုအစား
အမျိုးသားအစည်းပြေမှုကြီး
အသစ်တစ်ခုကို
တွန်းပို့လိုက်သလို
ဖြစ်နေပေလိမ့်မည်။
နိုင်ငံရေးပြဿနာကို
နိုင်ငံရေးနည်းအရ
သုံးပွင့်ဆိုင်
တွေ့ဆုံဆွေးနွေး
အဖြေရှာရေး
ပေါ်လစီဖြင့်
အပစ်ရပ်ထားသော
လက်နက်ကိုင်
လူမျိုးစု
တော်လှန်ရေး
အဖွဲ့အစည်းများသည်
ရှေ့နိုင်ငံရေး
အသစ်တစ်ရပ်အတွက်
အဆင်သင့်
ဖြစ်ရမည့်
အနေအထားသို့
ရောက်ရှိလာပါသည်။
တော်လှန်ရေး
အင်အားစုများ
မည်သို့ဆက်လက်ရပ်တည်
စခန်းသွားမည်ကိုလည်းကောင်း၊
မိမိလူထုအတွင်း
မည်သို့
နိုင်ငံရေးအရ
ခင်းကျင်း
ပြင်ဆင်စုဖွဲ့ရမည်ကိုလည်းကောင်း၊
တပ်မတော်အစိုးရ၏
လုပ်ဆောင်ချက်များအပေါ်တွင်တည်၍
အဆုံးအဖြတ်
ပေးရမည်
ဖြစ်ပါသည်။
မွန်အမျိုးသား
ပြည်သူအပေါင်းတို့၊
ပါတီရဲဘော်အပေါင်းတို့
-
မွန်ပြည်သစ်ပါတီသည်
မိမိ၏
မူလရည်မှန်းချက်ဖြစ်သော
စစ်မှန်သည့်
ပြည်ထောင်စုနှင့်
ပါတီစုံ
စီမိုကရေစီ
ပေါ်ထွန်းရေးအတွက်
မဟာမိတ်
ဒီမိုကရေစီနှင့်
လူမျိုးစု
အဖွဲ့အစည်းများနှင့်အတူ
အနိမ့်ဆုံး
ဘုံလုပ်ငန်းစဉ်
ရှာဖွေပြီး
ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။
လက်လျှော့
အရှူံးပေးသော
တော်လှန်ရေး၊
လက်တွေ့မဆန်သော
အတွေးအခေါ်များနှင့်
လုပ်ရပ်များကို
ဆန့်ကျင်ကာ
တော်လှန်ရေး
အသီးအပွင့်များ
ဆက်လက်ထိန်းသိမ်းသွားနိုင်ရန်
မဖြစ်မနေ
ကြိုးပမ်းသွားရမည်ဖြစ်သည်။
ထို့ကြောင့်
မွန်မျိုးချစ်အပေါင်းနှင့်
ပါတီရဲဘော်အပေါင်းတို့သည်
ဖြစ်လာနိုင်သည့်
တွေဝေသစ္စာဖောက်မှုများကို
ပြတ်ပြတ်သားသား
ဆန့်ကျင်ပြီး
ပိုမိုခိုင်မြဲသော
စည်းလုံးညီညွတ်မှုဖြင့်
ပါတီနှင့်
လက်တွဲမဖြုတ်
အောင်ပွဲသို့
ချီတက်သွားကြပါစို့ဟု
ဤတော်လှန်ရေးနေ့
အခါသမယတွင်
တိုက်တွန်း
နှိုးဆော်လိုက်ရပါသည်။
မွန်အမျိုးသားများ
သွေးစည်းကြ
စစ်မှန်သော
ပြည်ထောင်စု
တည်ဆောက်ကြ
မွန်အမျိုးသားလွတ်မြောက်မှု
တော်လှန်ရေး
အောင်ရမည်
၁၃၇၀
ခုနှစ်၊
ဝါခေါင်လပြည့်
2008
ခုနှစ်၊
သြဂုတ်လ (16) ရက်
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
မွန်ပြည်သစ်ပါတီ
ဧရာဝတီ
သတင်းဌာန၏
နိုင်အောင်နိုင်
သတင်းထုတ်ပြန်ခြင်းအပေါ်
ပြန်လည်ချေပခြင်း
ရက်စွဲ
- 12/ 03/ 2008
ရက်စွဲ
11/ 03/ 2008 ဖြင့်
ဧရာဝတီ
သတင်းဌာနမှ
အင်္ဂလိပ်ဘာသာဖြင့်
ထုတ်ပြန်ထားသော
နိုင်အောင်နိုင်သည်
ဗဟိုအလုပ်အမှုဆောင်
(၈) ဦးတွင်
တစ်ဦး
အပါအဝင်ဖြစ်သည်ဟု
သတင်း
ထုတ်ပြန်ခဲ့ပါသည်။
အမှန်တွင်
နိုင်အောင်နိုင်သည်
ပါတီဗဟိုအလုပ်အမှုဆောင်
ဆုံးဖြတ်ချက်အရ
2007 ခုနှစ်
နိုဝင်ဘာလမှ
စတင်ပြီး
ဆေးကုသခွင့်
ရက်ရှည်ဖြင့်
အနားပေးထားပြီး
ဖြစ်ပါသည်။
ထို့ကြောင့်
ယခုလက်ရှိတွင်
ပါတီဗဟိုအလုပ်အမှုဆောင်
တာဝန်မှ၎င်း၊
မွန်အမျိုးသား
လွတ်မြောက်ရေးတပ်မတော်
စစ်ကော်မီတီ
အတွင်းရေးမှူး၊
စစ်ဦးစီးချုပ်တာဝန်မှ၎င်း
အနားယူသွားပြီး
ဖြစ်ပါကြောင်း
ပြင်ဆင်မှတ်ယူပါရန်
ထုတ်ပြန်
အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်
မွန်ပြည်သစ်ပါတီ
|