|
စစ်ရေးလုပ်ငန်းလမ်းစဉ်
နိဒါန်
ရန်သူအခြေအနေနှင့်
မိမိအခြေအနေကို
ပိုင်နိုင်စွာ
သိရှိထားခြင်းဖြင့်
သင်သည်
တိုက်ပွဲတရာကို
ဆုံးရှူံးမှု
အန္တရာယ်မရှိဘဲ
အောင်မြင်စွာ
တိုက်နိုင်မည်ဟု
စစ်ရေးပါရဂူများက
သင်ကြားကြ၏။
ဤအညွှန်းသည်
စစ်အတတ်ပညာကို
လေ့လာသင်ကြားရေးနှင့်
လက်တွေ့
အသုံးချရေးတို့ကို
သဘာဝကျကျ
နားလည်သဘောပေါက်ပြီး
ကျွန်ုပ်တို့
ရင်ဆိုင်နေရသော
ရန်သူအား
အောင်နိုင်ရေးအတွက်
၎င်းစစ်ဥပဒေများကို
မှီငြမ်းပြု၍
မိမိကိုယ်ပိုင်
ဆုံးဖြတ်ချက်ဖြင့်
လုပ်ဆောင်သွားရန်
ဖြစ်သည်။
အမျိုးသားနိုင်ငံ၊
လူတန်းစား
သို့မဟုတ်
နိုင်ငံရေး
အဖွဲ့အစည်းတို့အချင်းချင်း
တိုက်ပွဲဆင်ခြင်း၏
အမြင့်ဆုံး
အသွင်မှာ
စစ်ပင်ဖြစ်သည်။
၎င်းအခြေအနေမျိုးသို့
ဆိုက်ရောက်သည့်အခါတွင်
စစ်ပြိုင်သူတို့သည်
စစ်၏
ဥပဒေအားလုံးတို့ကို
မိမိဆန္ဒပြည့်ဝရေးအတွက်
အသုံးပြုကြသည်။
ယင်းဘက်နှစ်ဖက်၏
အောင်နိုင်ခြင်း
သို့မဟုတ်
ဆုံးရှူံးခြင်းကို
စစ်ရေး၊
နိုင်ငံရေး၊
စီးပွားရေးနှင့်
သဘာဝ
အနေအထားများက
အဆုံးအဖြတ်ပေးပေသည်။
ဤမျှဖြင့်
မပြည့်စုံသေး။
စစ်ကို
ညွှန်ကြားရာ၌
အရေးပါလှသည်။
စစ်အောင်နိုင်ရေးကို
ကြိုးပမ်းရာ၌
တပ်မှူးတစ်ဦးသည်
ပေးအပ်သော
ရုပ်ဝတ္ထုအနေအထား
ကန့်သတ်ချက်များကို
အရေးမထားဘဲ
ကျော်လွှားသွား၍
မရပေ။
ယင်းကန့်သတ်ချက်များအတွင်းမှပင်
၎င်းသည်
စစ်အောင်နိုင်ရေးအတွက်
လုပ်နိုင်ရန်
ကြိုးပမ်းသွားရပေမည်။
ထို့ကြောင့်
တပ်မှူးများသည်
ပေးအပ်သော
စစ်ရေး၊
နိုင်ငံရေး၊
စီးပွားရေးနှင့်
သဘာဝ
အနေအထားတို့ကို
အပြည့်အဝ
အသုံးချ၍
ရန်သူကိုအောင်နိုင်ရေးအတွက်
မိမိတို့
စွမ်းရည်နှင့်
စည်းရုံးမှုအင်အားကို
အစွမ်းကုန်
အသုံးချကြရမည်
ဖြစ်သည်။
ကျွန်ုပ်တို့
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည်
ငယ်ရွယ်နုနယ်သေးသော်လည်း
ရန်သူ
ဖက်ဆစ်အာဏာရ
ဗိုလ်နေဝင်း
အစိုးရ၏
စစ်ရေး
ထိုးနှက်ချက်များကိုခုခံရင်း
ရန်သူ၏
ပျော့ကွက်၊
ဟာကွက်တို့ကို
အဆက်မပြတ်
ရှာဖွေ၍
နိုင်ငံရေးအရရော
စစ်ရေးအရပါ
တိုက်ခိုက်နိုင်ခဲ့သည်။
သို့ဖြင့်
ကျွန်ုပ်တို့တပ်မတော်၏
တိုက်ခိုက်မှု
စွမ်းရည်သည်
အတော်အတန်
ထက်မြက်လာခဲ့သည်။
ဤအခြေခံပေါ်တွင်
ဆထက်ထမ်းပိုး
ဆက်လက်ကြိုးပမ်းသွားမှသာ
တပ်မတော်သည်
တစတစ
ကြီးထွား၍
နိုင်ငံရေးအရ
တိုးတက်လာမည်
ဖြစ်သည်။
သို့ဖြစ်၍
တော်လှန်သော
မွန်အမျိုသားလွတ်မြောက်ရေး
တပ်မတော်တရပ်
ဖြစ်လာနိုင်ရေးနှင့်
တော်လှန်စစ်
အောင်နိုင်
ရေးအတွက်
အောက်ပါစစ်ရေး
လုပ်ငန်းလမ်းစဉ်ကို
ချမှတ်
လိုက်ရပေသည်။
|