Tilbage til forsiden

 

Nai Shwe Kyin

တိုင္ပၠဵပု႙ဂွ္ သြက္ဂြံကေလင္ဒက္ပတန္ ဍဳင္မန္ပု႙အတိုင္ေႀတံ မဒးဒုင္ပၜံင္ၐးဏာကုႝဗဿာ ပႜဲသှာံ ၁၁၁၉ေတအ္။ ဍဳင္ပု႙ၐိုန္ရ ကလိဂြံသၜးပြး နူအင်ကလိက် ပႜဲသှာံ ၁၉၄၈ တေအ်ကီုလေဝ် အခေါင်သွက်မန်ဂှ် မုလေဝ်ဟွံကလိဂွံ။

နဲာယှ႙ုကျေန် (၁၉၁၃-၂၀၀၃)

ဥကၠဌေဗာ္ဍဳင္မန္တဿိ(ေႀတံ)

 

အပိုင်း (၁)

စစ်နှင့် နိုင်ငံရေး

  ယနေ့ကျွန်ုပ်တို့ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲရခြင်းမှာ မွန်အမျိုသားတို့အပေါ် ဖိနှိပ်ခြယ်လှယ်မှုမှ လွတ်မြောက်ရေး အတွက် ဆင်နွှဲသော စစ်ဖြစ်သည်။ ထို့ကြောင့် စစ်သည် နိုင်ငံရေး၏ အဆက်ဖြစ်သည်။ ထို့ကြောင့် စစ်သင်ပင်လျှင် နိုင်ငံရေး အလုပ်တစ်ခု ဖြစ်သည်။ ဖက်ဆစ် စစ်အာဏာရှင် ဗိုလ်နေဝင်းအုပ်စုကို ဆန့်ကျင်ရာ၌ မွန်တမျိုးသားလုံးသာမက ဖိနှိပ်ခံပြည်သူတစ်ရပ်လုံးအား စည်းရုံးသိမ်းသွင်းရေး တပ်မတော်နှင့် ပြည်သူတို့ ဆက်ဆံမှုပြေပြစ်ရေး၊ တပ်မတော်နှင့်ပြည်သူ တသားတည်း ဖြစ်ရေး၊ ရန်သူ၏ အင်အားစုများ အစိတ်စိတ် အမွှာမွှာဖြစ်အောင် ပြုလုပ်ရေးသည် နိုင်ငံရေး၏ အခြေခံမူများဖြစ်သည်။ စစ်အောင်နိုင်ရေး၏ အခြေခံမူလည်း ဖြစ်သည်။

ကျွန်ုပ်တို့သည် အဖိနှိပ်ခံပြည်သူများဖြစ်ကြသည်။ အဖိနှိပ်ကို မခံနိုင်ကြ၊ မခံလိုကြ၍ လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲကြခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဆင်နွှဲနေသောစစ်သည် တရားလည်းတရား၊ မှန်လည်း မှန်ကန်ပေသည်။ တရားမျှတပြီး မှန်ကန်သော ဤစစ်ကို ဆင်နွှဲရာ၌ အောင်မြင်မှုကို ရရှိနိုင်ရန်အတွက် အဖိနှိပ်ခံ ပြည်သူတရပ်လုံးအား တော်လှန်သော စစ်ပွဲ၏ မှန်ကန်တရားမျှတပုံကို ရှင်းလင်းတင်ပြကာ ပါဝင်ဆောင်ရွက်လာနိုင်သည်နှင့်အမျှ အောင်ပွဲရနိုင်မည်မှာ သေချာပေသည်။ ထို့ကြောင့် စစ်ကို နိုင်ငံရေးမှာ ခဏတာမျှ ခွဲခြားမရပေ။

စစ်တွင် သီးခြားအင်္ဂါလက္ခဏာရပ်များ ရှိပေသည်။ စစ်ဆိုသည်မှာ နိုင်ငံရေးရည်မှန်းချက်တစ်ခုကိုရရှိရန် လုပ်ဆောင်သည့် ထူးခြားသော နိုင်ငံရေး နည်းလမ်းတစ်ခုဖြစ်သည်။ နိုင်ငံရေးသည် အဆင့်ဆင့်သို့တိုင်အောင် တိုးတက်ကြီးထွားလာပြီးနောက် အရှေ့သို့ ဆက်တက်လှမ်း မသွားနိုင်သောအခါ နိုင်ငံရေးအတွက် ထွက်လမ်းဖွင့်ပေးရန် စစ်ဖြစ်လာရပေသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့ ဆင်နွှဲလျက်ရှိသော တော်လှန်ရေးစစ်သည် ဒုတိယကမ္ဘာစစ်ကြီးအပြီး မွန်အမျိုးသားတို့၏ လွတ်မြောက်မှုအတွက် လှုပ်ရှားခဲ့သော လှုပ်ရှားမှုမှ အစပြုခဲ့ပေသည်။ ဤသို့ လှုပ်ရှားခဲ့ရာတွင် 1948 ခုနှစ်တွင် မွန်အမျိုသားတို့၏ လှုပ်ရှားမှုသည် အုပ်စိုးသူအဖို့ အတားအဆီးတစ်ခု ဖြစ်လာသည်။ ဤအတားအဆီးကို ဖယ်ရှားပစ်ရန်အတွက် အုပ်စိုးသူ ဖ-ဆ-ပ-လ အစိုးရက စစ်ကိုစတင်ခဲ့ပေသည်။ ကျွန်ုပ်တို့အဖို့လည်း ဖ-ဆ-ပ-လ အစိုးရ၏ ဖိနှိပ်မှုသည် မွန်အမျိုသား ကိုယ်ပိုင်ပြဌာန်းခွင့်ကို အဟန့်အတား ဖြစ်နေသဖြင့် မွန်အမျိုးသား လွတ်မြောက်မှု တော်လှန်စစ်ကို ဆင်နွှဲရခြင်း ဖြစ်လေသည်။

အုပ်စိုးသူ လူတန်းစားသည် ကျွန်ုပ်တို့၏ လွတ်မြောက်မှုကို တားဆီးပိတ်ပင်ရန်အတွက် အတင်းအဓမ္မ စစ်ကို အသုံးပြုခဲ့ခြင်းကြောင့် မလွှဲမရှောင်သာသော အခြေအနေတွင် ကျွန်ုပ်တို့၏ အမျိုးသားလွတ်မြောက်မှုသို့ ချီတက်နိုင်ရန်အတွက် လမ်းရှင်းရန် ဆုံးဖြတ်ချက်ဖြင့် တော်လှန်စစ်ကို ဆင်နွှဲရခြင်းဖြစ်ပေသည်။ လမ်းရှင်းသွားပြီးနောက် နိုင်ငံရေးလုပ်ငန်း ပြန်လည်ပေါ်ထွန်းလာပြီး စစ်သည် ပြီးဆုံးခြင်းသို့ ရောက်ရှိပေလိမ့်မည်။ အတားအဆီး ခလုတ်ကန်သင်းများကို ကုန်စင်အောင် မရှင်းနိုင်သေးပါက စစ်ကို ပြီးဆုံးသည်အထိတိုင် တိုက်ခိုက်သွားရ ပေလိမ့်မည်။ ထို့ကြောင့် နိုင်ငံရေးသည် သွေးထွက်သံယိုမှုမပါသော စစ်ဖြစ်သည်။


ဆက်ဖတ်လိုပါက

နိဒါန် အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄) အပိုင်း(၅) အပိုင်း(၆) အပိုင်း(၇) အပိုင်း(၈)  နိဂုံး