Tilbage til forsiden

 

Nai Shwe Kyin

တိုင္ပၠဵပု႙ဂွ္ သြက္ဂြံကေလင္ဒက္ပတန္ ဍဳင္မန္ပု႙အတိုင္ေႀတံ မဒးဒုင္ပၜံင္ၐးဏာကုႝဗဿာ ပႜဲသှာံ ၁၁၁၉ေတအ္။ ဍဳင္ပု႙ၐိုန္ရ ကလိဂြံသၜးပြး နူအင်ကလိက် ပႜဲသှာံ ၁၉၄၈ တေအ်ကီုလေဝ် အခေါင်သွက်မန်ဂှ် မုလေဝ်ဟွံကလိဂွံ။

နဲာယှ႙ုကျေန် (၁၉၁၃-၂၀၀၃)

ဥကၠဌေဗာ္ဍဳင္မန္တဿိ(ေႀတံ)

 

အပိုင်း (၄)

ကျွန်ုပ်တို့၏ အဓိက ရည်မှန်းချက်နှင့် လုပ်ဆောင်ရမည့် အချက်များ

 ကျွန်ုပ်တို့၏ အဓိက ရည်မှန်းချက်သည် ရန်သူကြေပြုန်း၍ အောင်ပွဲဆင်နိုင်ရေးနှင့် နိုင်ငံရေးအာဏာကို လက်ဆုပ်လက်ကိုင် ရယူရေးအတွက် လက်နက်ကိုင် တော်လှန်ရေးဖြင့် အာဏာသိမ်းရေးဖြစ်သည်။ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက် အောင်မြင်ရေးအတွက် -

(၁) ကျွန်ုပ်တို့ အင်အားနည်းနေသော ကာလတွင် ရန်သူ အင်အားကြီးမားသော အခြေအနေတွင် ရှိနေသေးသောကြောင့် သေနင်္ဂဗျူဟာအရ ခံစစ် (ခံစစ်ရှင်)ကို ကျင့်သုံးရမည်။

(၂) ကျွန်ုပ်တို့ အင်အား အသင့်အသင့် တည်ဆောက်နိုင်ပြီးသော ကာလတွင် ရန်သူအခြေအနေသည်လည်း တဖြည်းဖြည်း ကျဆင်းနေသော အခြေအနေတွင် ရှိနေသောကြောင့် သေနင်္ဂဗျူဟာအရ သူမနိုင် ကိုယ်မနိုင်ကာလတွင် ရန်သူ၏ အတွင်းစည်းဝိုင်းကို မွှေနှောက်ရင်း ရန်သူ၏ အပြင်စည်းဝိုင်းကို ချေမှုန်း၍ အခြေခံဒေသများကို တိုးချဲ့ တည်ဆောက်ရန်။

(၃) ကျွန်ုပ်တို့တွင် အင်အားကြီးမားလာပြီး အင်အားတောင့်တင်းလာသော ကာလတွင် ရန်သူသည် အခြေအနေအရ ခံစစ်ကာလသို့ ပြောင်းသွားပြီဖြစ်၍ ကျွန်ုပ်တို့၏ အခြေခံဒေသများကို ကျယ်ပြန့်စွာ ချဲ့ထွင်ယင်း မြို့ငယ်များမှတဆင့် မြို့လတ်၊ မြို့ကြီးများကို သိမ်းပိုက်ပြီး နိုင်ငံရေး အာဏာကို သိမ်းပိုက်ရန်ဖြစ်သည်။

(၄) ထိုအချိန်ကာလရောက်သောအခါ ကျွန်ုပ်တို့နှင့် မဟာမိတ်အင်အားစုများသည် နိုင်ငံတော်၏ နိုင်ငံရေးအာဏာကို လက်ဝယ်ဆုတ်ကိုင် ပြီးသည်နှင့် တပြိုင်နက်တည်း စစ်၏ တိုက်ခိုက်မှုလည်း ပြီးဆုံးခြင်းသို့ ရောက်ရှိပေလိမ့်မည်။

                      ဤအခြေခံရည်ရွယ်ချက်ကို အောင်မြင်ရန်အတွက် အောက်ပါလုပ်ဆောင်ချက်များကို ဆောင်ရွက်ရမည်။

(၁) ခံစစ် (ခံစစ်ရှင်)ကာလတွင် ကျွန်ုပ်တို့၏ အဓိက တိုက်ခိုက်ရေး အသွင်မှာ လှုပ်ရှားစစ်ဖြစ်၍ ပျောက်ကျားစစ်နှင့် နေရာစွဲစစ်များကို တွဲဖက်၍ ဆောင်ရွက်ရမည်။ ရန်သူတက် လျှင်ဆုတ်၊ ရန်သူနားလျှင် အနှောင့်အယှက်ပေး၊ ရန်သူမောလျှင်တိုက်၊ ရန်သူဆုတ်လျှင်ဖိတိုက်။ “ရန်တက် ငါဆုတ်၊ ရန်နားငါရှူပ်၊ ရန်မော ငါတိုက်၊ ရန်ဆုတ် ငါလိုက်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အင်အားကြီးမားသော ရန်သူတို့၏ ထိုးစစ်ကို ရှောင်တိမ်း အနှောင့်အယှက်ပေးရမည်။ ရန်သူကို မနားတမ်း အစဉ်တစိုက် အနှောက်အယှက်ပေးရမည်။ ရန်သူကို မနားတမ်း အစဉ်တစိုက် အနှောက်အယှက်ပေးခြင်းအားဖြင့် ရန်သူမောပမ်း၍ တိုက်ခိုက်မှုစွမ်းရည် ကျဆင်းလာသောအခါ ဖိ၍ တိုက်ခိုက်ယင်း ရန်သူဆုတ်ကွာသွားသောအခါ ကစဥ့်ကလျားဖြစ်အောင် ဖိ၍ လိုက်လံချေမှုန်းတိုက်ခိုက်ရမည်။

(၂) ရန်သူ၏ အရေအတွက်အရ ကျဆင်းစေရန်နှင့် စိတ်ဓါတ်အရာကျဆင်းစေရေးကို အမြဲမပြတ် ဆောင်ရွက်ရမည်။ ရန်သူအား နားချိန်မပေးဘဲ အမြဲ နှောက်ယှက်ရမည်။ ဤသို့ ဆောင်ရွက်ခြင်းအားဖြင့် ရန်သူများ စိတ်ဓါတ်ကျဆင်းခြင်း၊ တိုက်စွမ်းရည် လျော့နည်းခြင်း၊ အရေအတွက်ကျဆင်းခြင်း ဖြစ်လာလိမ့်မည်။ ထိုအခါ ရန်သူသည် ထိုးစစ်ကို မလွှဲမရှောင်သာ ကန့်သတ်ရပေလိမ့်မည်။ ထိုသို့ ကန့်သတ်ပြီးနောက် မိမိတို့၏ လက်တွင်းရှိ နယ်မြေများ ထိန်းချုပ်ရေးကို ပိုမိုဂရုစိုက်ရခြင်းကြောင့် ထိုးစစ်များ၏ အရှိန်သည် ရပ်ဆိုင်းသွားရ ပေလိမ့်မည်။

(၃) ဤသို့ ထိုးစစ်အရှိန် ရပ်ဆိုင်းသွားသည်နှင့် တပြိုင်နက် အခြေခံစခန်းများ တည်ဆောက်ကာ ရန်သူ၏ နောက်ပိုင်း (အတွင်းပိုင်း)သို့ အခွင့်ကောင်းယူ၍ တိုးတက် တိုက်ခိုက်ခြင်းအားဖြင့် စစ်၏ ပထမကာလသည် တိုးတက် ကြီးထွား လာပေလိမ့်မည်။ ကာကွယ်ရေးလုပ်ငန်းကို အခြေအမြစ်မှစ၍ ခြိမ်းခြောက်နေပေလိမ့်မည်။ ကျွန်ုပ်တို့သည် ရန်သူမရောက်နိုင်သော ဒေသများနှင့် ပျောက်ကျားဒေသများမှ ပြည်သူများအားလုံး၏ ထောက်ခံမှုကို ရယူ၍ ပြည်သူ့လက်နက်ကိုင်အင်အားစုများ စုရုံးဖော်ထုတ်ကာ ရန်သူ သိမ်းပိုက်ထားသော ဒေသများကို ပြင်းပြင်းထန်ထန် ပျောက်ကျားစစ် လှုပ်ရှားစစ် ဆင်နွှဲခြင်းဖြင့် ရန်သူအား ဖျက်ဆီးရပေလိမ့်မည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ပထမကာလသည် ကုန်ဆုံး၍ ဒုတိယကာလသို့ ကူးပြောင်းလာပေလိမ့်မည်။

(၄) ဒုတိယကာလတွင် တိုက်ခိုက်မှုသည် အလွန်တရာ အကြင်နာကင်းမဲ့လိမ့်မည်။ တိုင်းပြည်၏ ဆုံးရှူံးမှုသည်လည်း ကြီးမားပေလိမ့်မည်။ သို့သော် ပျောက်ကျားစစ်ကို ကျွမ်းကျင်စွာ အသုံးပြုလာနိုင်သည်နှင့် အမျှ ရန်သူအား ကန့်သတ်ထားနိုင်ခြင်းအားဖြင့် ဆုံးရှူံးမှု အတိုင်းအတာ လျော့နည်းစေလိမ့်မည်။ ဤသို့ ပြုလုပ်နိုင်ပါက ရန်သူအဖို့ အကြီးအကျယ် ရှူံးနိမ့်မှုဖြစ်သလို ကျွန်ုပ်တို့ ကြီးမားသော အောင်မြင်မှုကို ရရှိပေလိမ့်မည်။

(၅) ဤကာလ၏ အတိုင်းအတာသည် ကျွန်ုပ်တို့အင်အားနှင့် တိုက်စွမ်းရည် ရန်သူအင်အားနှင့် တိုက်စွမ်းရည် အတိုးအလျော့ပေါ်တွင် တည်နေပေသည်။ နိုင်ငံတကာ အပြောင်းအလဲပေါ်တွင်လည်း အခြေတည်ပေသည်။ ဤကာလတွင် ကျွန်ုပ်တို့သည် တကယ်ကြာမြင့်မည့် ကာလထက် ရှည်လျားသော ကာလအတွက် ဖြတ်သန်းရန် ပြင်ဆင်ထားသင့်သည်။

(၆) ဤရှုပ်ထွေးသော အခြေအနေသည် ကျွန်ုပ်တို့အဖို့ အလွန်ဒုက္ခခံရမည့် ကာလဖြစ်သည်။ စီးပွားရေး ကြပ်တည်းမှုများ၊ သစ္စာဖောက် လုပ်ကြံမှုများလည်း ပေါ်ပေါက်လာကောင်း ပေါ်ပေါက်လာလိမ့်မည်။ ဤကြီးမားသော အခက်အခဲများကို ဖြေရှင်း ကျော်လွှားနိုင်ရန်အတွက် မွန်တမျိုးသားလုံးနှင့် တကွ ပြည်သူလူထုတရပ်လုံး တစ်စိတ်တစ်ဝမ်းတည်း စည်းရုံးညီညွတ်ကြ၍ စစ်ရေးကို မတွန့်မဆုတ် ထောက်ခံအားပေးဖို့ လှုံ့ဆော် စည်းရုံးရပေမည်။ ဤသို့သော အခြေအနေအရပ်ရပ်ကို ကျော်လွှားဆောင်ရွက်ယင်း ဒုတိယကာလမှသည် တတိယကာလသို့ ကူးပြောင်းသွားနိုင်ပေလိမ့်မည်။

(၇) ဤကာလတွင် ရန်သူအနေဖြင့် ခံစစ်ကာလသို့ လုံးလုံးလျားလျား ကူးပြောင်းသွားပြီး ကျွန်ုပ်တို့အဖို့ ပြန်လှန်ထိုးစစ်ကာလသို့ ကူးပြောင်းသွားပေလိမ့်မည်။ ကျွန်ုပ်တို့၏ အတွင်းစည်းဝိုင်းတွင် ရန်သူလှုပ်ရှားမှု တဖြည်းဖြည်း လျော့နည်းလာပြီး ကျွန်ုပ်တို့၏ စစ်ရေးလှုပ်ရှားမှုသည် ရန်သူ၏ အတွင်းစည်းဝိုင်းသို့ ထိုးဖောက်ဝင်ရောက်သွားရပေမည်။ ကျွန်ုပ်တို့၏ အဓိကတိုက်ပွဲ အသွင်သည် လှုပ်ရှားစစ်အသွင်မှ နေရာစွဲစစ်အသွင်သို့ ကူးပြောင်းပြီး ရန်သူ၏ အခြေခံဒေသများကို သိမ်းပိုက်နိုင်ပေလိမ့်မည်။ နေရာစွဲများ စစ်များသည် ကာလနှစ်ခုအထိ အဓိကအဖြစ် မဟုတ်သော်လည်း ဤကာလတွင် အရေးကြီးသော အခန်းသို့ ရောက်ရှိလာပေသည်။

(၈) ဤကာလတွင် ကျွန်ုပ်တို့၏ စစ်ကို နောက်ဆုံး အောင်ပွဲရသည်အထိ ဆင်နွှဲကြဟု ကြွေးကြော်ယင်း နောက်ဆုံး အောင်ပွဲရသည်အထိ တိုက်ခိုက်သွားရန် ဖြစ်သည်။

(၉) ကျွန်ုပ်တို့သည် စစ်ကို အဆုံးသတ် တိုက်ခိုက်သွားနိုင်ရေးအတွက် တခုတည်းသော နည်းလမ်းမှာ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကို ညီညွတ်စွာ ထိန်းသိမ်းခြင်း၊ အဆက်မပြတ် တိုက်ခိုက်ခြင်းအားဖြင့် အခက်အခဲမှန်သမျှကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ဤခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ကျော်လွန်ပြီးသည့်နောက်ပိုင်း အောင်ပွဲလမ်းမကြီးပေါ်သို့ ချောမောပြေပြစ်စွာ ရောက်ရှိလာပေလိမ့်မည်။ နိုင်ငံရေးအာဏာသည် လက်ဝယ်သို့ ရောက်ရှိလာပေလိမ့်မည်။ စစ်၏ ပြီးဆုံးခြင်းသို့ ရောက်ရှိပေလိမ့်မည်။

 


ဆက်ဖတ်လိုပါက

နိဒါန် အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄) အပိုင်း(၅) အပိုင်း(၆) အပိုင်း(၇) အပိုင်း(၈)  နိဂုံး