Tilbage til forsiden

 

Nai Shwe Kyin

တိုင္ပၠဵပု႙ဂွ္ သြက္ဂြံကေလင္ဒက္ပတန္ ဍဳင္မန္ပု႙အတိုင္ေႀတံ မဒးဒုင္ပၜံင္ၐးဏာကုႝဗဿာ ပႜဲသှာံ ၁၁၁၉ေတအ္။ ဍဳင္ပု႙ၐိုန္ရ ကလိဂြံသၜးပြး နူအင်ကလိက် ပႜဲသှာံ ၁၉၄၈ တေအ်ကီုလေဝ် အခေါင်သွက်မန်ဂှ် မုလေဝ်ဟွံကလိဂွံ။

နဲာယှ႙ုကျေန် (၁၉၁၃-၂၀၀၃)

ဥကၠဌေဗာ္ဍဳင္မန္တဿိ(ေႀတံ)

 

အပိုင်း (၅)

မှားယွင်းသော အယူအဆနှင့် ပြုပြင်ရန်နည်းလမ်း

စစ်ရေးသက်သက်အမြင်

ကျွန်ုပ်တို့၏ တပ်မတော်တွင် စစ်ရေးသက်သက်အမြင်များ အတော်များများ ပျံ့နှံလျက် ရှိသည်။ တပ်မတော်သားများတွင် လက်နက်စွဲကိုင် တိုက်ပွဲဝင်မှသာ တော်လှန်ရေးသမားများ ဖြစ်သည်ဟု ယုံကြည်ချက် ရှိကြသည်။ စစ်မျက်နှာသို့သာ သွားလိုကြသည်။ နိုင်ငံရေး သဘောတရားများ လေ့လာရန် ပျက်ကွက်ကြသည်။ လက်နက်ကိုင်တိုက်ပွဲ တခုတည်းမှာသာ အားထားကြသည်။ လက်နက်ကိုင် တိုက်ပွဲ တခုတည်းမှာသာ အာရုံစိုက်ကြသည်။ ဤသည်မှာ ကြီးစွာသော အမှားဖြစ်ပေသည်။ တပ်မတော်သားများတွင် နိုင်ငံရေး အသိတရား မကြွယ်ဝမှုကြောင့် ကြေးစားတပ်များ၏ အယူအဆများ လွှမ်းမိုးလာသည်။ ပုဂ္ဂိုလ်စွဲဝါဒများ ပြင်းထန်လာသည်။ အတ္တစွဲ ကြီးမားလာသည်။ တဆက်တည်းမှာပင် မင်းမဲ့စရိုက်ဆန်လာသည်။ တဖက်တွင်လည်း တော်လှန်ရေးစိတ်ဓါတ် မြင့်မားမှု မရှိဘဲ ကြေးစားတပ်ဆန်လာသည်။ လုပ်ငန်းများတွင် ခိုကပ်လာသည်။ တာဝန်ရှိမှု နည်းပါးလာသည်။ အမိန့်ကို တိကျစွာ ဆောင်ရွက်လိုစိတ် မရှိကြချေ။ တာဝန်မဲ့ ဝေဖန်လာသည်။ စည်းကမ်းလျော့ရဲလာသည်။ လက်နက်အပေါ် အထင်ကြီးသည်။ တိုက်ပွဲတပွဲ နိုင်သောအခါ ဘဝင်မြင့်၍ တိုက်ပွဲရှူံးသောအခါ စိတ်ဓါတ်ကျလာသည်။ အစုခွဲဝါဒ၊ သင်းခွဲဝါဒများ ဝင်ရောက်လာသည်။ နောက်ဆုံး တော်လှန်ရေးကို စွန့်ခွာသွားသည့် အဖြစ်သို့  ရောက်သွားနိုင်သည်။ တဆက်တည်းမှာပင် မင်းမဲ့စရိုက်ဖက်သို့ မျက်နှာမူသွား၍ စစ်ဘုရင်ဝါဒ၊ ငါ့မင်းငါ့ချင်းသမားများ အဖြစ်သို့ ရောက်ရှိသွားနိုင်သည်။ ပြည်သူလူထုအား အထင်သေး လာသည်။ ပြည်သူလူထုတို့အား မိမိတို့၏ အခိုင်းအစေသဖွယ် ပြုမူ ဆက်ဆံလာကြသည်။ အနိုင်ကျင့်လာသည်။

ထို့ကြောင့် ကျွန်ုပ်တို့ တပ်မတော်အတွင်း စစ်ရေးသက်သက်အမြင်၏ သဘောတရားများကို ချေမှုန်းဆန့်ကျင် တိုက်ခိုက်ရန် အထူးလိုအပ်ပေသည်။ တပ်သားတိုင်းသည် စည်းရုံရေး သမားတစ်ဦးဖြစ်သည်ဟူသော ခံယူချက် ခိုင်မာလာအောင် ပညာပေးရပေမည်။ တပ်မတော်တွင် နိုင်ငံရေးခေါင်းဆောင်မှုရအောင် ဆောင်ရွက်ရန် လိုအပ်ပေသည်။ ကြေးစားတပ်၏ အသွင်သဏ္ဍာန်များကို ဖယ်ရှားပေးပြီး ကြေးစားတပ်နှင့် တော်လှန်ရေးတပ်မတော်၏ ခြားနားချက်ကို မြင်နိုင်စွမ်းရှိအောင် ပညာပေးရမည်။ တပ်မတော်အတွင်းတွင် ဗျူရိုကရေစီဝါဒ၊ စစ်ဘုရင်ဝါဒများကို ဆန့်ကျင်ချေမှုန်းပစ်ရပေလိမ့်မည်။ တပ်တွင်း ဒီမိုကရေစီဝါဒ ထွန်းကားရေးနှင့် စုပေါင်းခေါင်းဆောင်မှုကို ရရှိအောင် ဆောင်ရွက်ကြရမည်။ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ ထုတ်ဝေသော စစ်သဘောတရားရေးရာ စာစောင်များ၊ ဝေဖန်ရေးနှင့် ကိုယ့်ကိုယ် ဝေဖန်ရေးများ၊ စစ်စည်းကမ်းများ၊ တပ်မတော်မှ ထုတ်ပြန်သော ကြေငြာချက်၊ ညွန်ကြားချက်များကို ကြေညက်စွာ လေ့လာကြရမည်။ မွန်ပြည်သစ်ပါတီမှ ထုတ်ဝေသော သဘောတရားရေးရာ စာစောင်များ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းများ၊ လမ်းစဉ် လုပ်ငန်းစဉ်များကို ကြေညက်စွာ လေ့လာကြရမည်။ ဤနည်းဖြင့် စစ်ရေးသက်သက် အမြင်ကို ဖယ်ရှားပစ်ရပေမည်။

 အလွန်အကျွံ ဒီမိုကရေစီ

  ကျွန်ုပ်တို့ တပ်မတော်အတွင်းတွင် အလွန်အကျွံ ဒီမိုကရေစီများ စွဲကပ်နေပေသည်။ အရာရာတွင် ဒီမိုကရေစီကို ရှေ့တန်းတင်လာပေသည်။ ဒီမိုကရေစီကျမှသာလျှင် မှန်ကန်သည်ဟု စွဲလမ်းယုံကြည်ကြသည်။ အလွန်အကျွံ ဒီမိုကရေစီ၏ ပင်မအခြေအမြစ်မှာ သက်သက်သာသာ လုပ်ကိုင်လို၍ စည်းကမ်းသတ်မှတ်ခြင်းကို မကြိုက်နှစ်သက်သော အချောင်သမားဆန်သောသဘော ဖြစ်ပေသည်။ ဤသို့သော အမြင် အယူအဆသည် ဒီမိုကရေစီလက်နက်ကို စွဲကိုင်၍ တပ်မတော်၏ စည်းကမ်းများကို လျော့ရဲစေသည်။ သင်းခွဲရေးဝါဒသို့ ရှေ့ရှူလာသည်။ ပုဂ္ဂိုလ်ကိုးကွယ်မှုဆီသို့ ရွေ့လျားလာသည်။ ဤသို့ ဖြစ်ခြင်းသည် တပ်မတော်၏ တိုက်ခိုက်မှုစွမ်းရည်ကို လျော့နည်းစေသည်။

တပ်မတော်တွင် ဒီမိုကရေစီမရှိရဟု မဆိုလိုပေ။ တပ်မတော်တွင် တပ်တွင်း ဒီမိုကရေစီရှိရမည်။ ဝေဖန်ဆွေးနွေးမှု ထောက်ပြမှု၊ ပြုပြင်မှုများ ရှိရမည်။ သို့သော် တပ်၏ တင်းကြပ်သော စည်းကမ်းများ ထိန်းသိမ်းခြင်း၊ အထက်မှပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပြွန်စွာ ထမ်းရွက်ခြင်း၊ အထက်မှပေးသော အမိန့်အတိုင်း တသွေမသိမ်း လိုက်နာခြင်းများကို ဆောင်ရွက်ရန် လိုအပ်သည်။ တပ်မတော်သားများသည် အထက်အဖွဲ့မှ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များကို အသေးစိတ် ဆွေးနွေးရမည်။ ၄င်းအချက်များကို အပြည့်အဝ နားလည်ရန်နှင့် ၄င်းတို့ကို အကောင်အထည်ဖော်ရန် နည်းလမ်းများကို သတ်မှတ် ဆုံးဖြတ်ရပေမည်။

တပ်တွင်း ဒီမိုကရေစီဆိုသည်မှာ သတ်မှတ်ထားသော တရားဝင် ဆွေးနွေးပွဲတွင် မိမိ၏ သဘောထားကို အတိအကျ တင်ပြဆွေးနွေးပိုင်ခွင့် ရှိသည်။ သို့သော်မိမိ၏ မကျေနပ်သော အချက်အလက်များကိုလည်း အထက်သို့ တင်ပြနိုင်သည်။ (ဆွေးနွေးပွဲမှအပ ကျန်အချိန်များတွင် အမိန့်အတိုင်း နာခံရမည်။ အောက်ခြေသို့ ချခွင့်မပြု၊ ဆန္ဒပြခွင့်မပြု။)

ပုဂ္ဂလိက အယူအဆ

ဂလဲ့စားချေတတ်ခြင်း၊ ပါတီတွင် အဝေအဖန်ခံရလျှင် လက်တုံ့ပြန်ရန် နည်းလမ်းရှာခြင်း၊ ဆူပူကြိမ်းမောင်းခြင်း၊ အများအကျိုးထက် မိမိအကျိုးကို ဦးစားပေးဆောင်ရွက်ခြင်း၊ မိမိအစု ကလေး၏ အကျိုးစီးပွားအတွက်သာ ဂရုစိုက်ခြင်း၊ အများကောင်းကျိုးအတွက် လျစ်လျူရှူခြင်း၊ သာယာမှုကို ရှာခြင်း၊ လှုပ်ရှားမှု ပျော့ညံခြင်း၊ မတက်ကြွှခြင်း၊ မိမိသဘောနှင့် မတိုက်ဆိုင်လာသောအခါ အလုပ်လုပ် မလုပ်တော့ခြင်း၊ ခက်ခဲကြမ်းတမ်းသော လုပ်ငန်းများကို ရှောင်ရှားခြင်း၊ အခက်အခဲနှင့် ကြုံတွေ့သောအခါ တပ်ထွက်လိုခြင်း၊ ခွင့်တောင်းခြင်း စသည့် အချင်းအရာများသည် အလွန်ကျဉ်းမြောင်းသော သဘောတရား ဖြစ်သည်။ ၄င်းအယူအဆ ပပျောက်ရန်အလို့ငှာ ပညာပေးရေးကို အဓိကပေးရန်၊ ပြဿနာကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ အလုပ်ကို မှန်ကန်စွာ ခွဲဝေချထားရန်နှင့် စည်းကမ်းကို မှန်ကန်စွာ အကောင်အထည်ဖော်ရန် ဖြစ်သည်။

ရှောင်တိမ်းရေးဝါဒ

 ရန်သူ၏ အင်အားကို အထင်ကြီးပြီး မိမိအင်အားကို အထင်သေးကာ ရန်သူကို ရင်ဆိုင်ရန် စိုးရွံ့ခြင်း၊ ရင်ဆိုင်မိသော အခါတွင်လည်း မိမိတပ်သားများအား ရန်သူ၏ အင်အား အရေးပါမှုကို အသိပေးပြီး မိမိအင်အား အလေးသာမှုကို ထည့်မတွက်ခြင်း၊ တပ်သားများကို တိုက်ခိုက်စိတ် လျော့နည်းအောင် ဆောင်ရွက်ခြင်း၊ ပြည်သူတို့၏ စည်းရုံးရေး အင်အားစုကို လျစ်လျူရှူခြင်း စသည်တို့သည် ရှောင်တိမ်းရေးဝါဒ၏ အခြေအမြစ်များဖြစ်သည်။ ရှောင်တိမ်းရေးဝါဒသည် သက်သာခိုလိုမှု တစ်ကိုယ်ကောင်းဆန်မှု စသော အချောင်သမားများ စွဲကပ်နေခြင်းဖြစ်သည်။ ၄င်းအယူအဆ ပပျောက်ရန်အတွက် ပညာပေးရေးကို အဓိက တိုးတက်ရန်အတွက် ဆောင်ရွက်ရန် ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကို ဝေဖန်ရေးကို စနစ်တကျ ဝေဖန်ရန်နှင့် ဓနရှင်အယူအဆ ရောင်ပြန်ဟပ်မှုများ စသည့် အချက်အလက်များကို ပညာပေး ရှင်းလင်းရမည်။

 


ဆက်ဖတ်လိုပါက

နိဒါန် အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄) အပိုင်း(၅) အပိုင်း(၆) အပိုင်း(၇) အပိုင်း(၈)  နိဂုံး