Tilbage til forsiden

 

Nai Shwe Kyin

တိုင္ပၠဵပု႙ဂွ္ သြက္ဂြံကေလင္ဒက္ပတန္ ဍဳင္မန္ပု႙အတိုင္ေႀတံ မဒးဒုင္ပၜံင္ၐးဏာကုႝဗဿာ ပႜဲသှာံ ၁၁၁၉ေတအ္။ ဍဳင္ပု႙ၐိုန္ရ ကလိဂြံသၜးပြး နူအင်ကလိက် ပႜဲသှာံ ၁၉၄၈ တေအ်ကီုလေဝ် အခေါင်သွက်မန်ဂှ် မုလေဝ်ဟွံကလိဂွံ။

နဲာယှ႙ုကျေန် (၁၉၁၃-၂၀၀၃)

ဥကၠဌေဗာ္ဍဳင္မန္တဿိ(ေႀတံ)

 

အပိုင်း (၇)

စစ်သုံ့ပန်းအပေါ် သဘောထား

(၁) တိုက်ပွဲတွင် ဒဏ်ရာရရှိသော တပ်ဗိုလ်တပ်သားများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရမည်။ အခြေအနေပေးအပ်သလောက် ဆောင်ရွက်သွားရမည်။

(၂) ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား ပညာပေးပြီး ပြန်လိုကပြန်ခွင့်ပြုရန်၊ မပြန်လိုသော သူများအား စနစ်တကျ နေရာချမှတ်ပြီး နေထိုင်ခွင့်ပြုရန်။

(၃) ကျဆုံးသွားသော ရန်သူတပ်ဗိုလ်တပ်သားများ၏ အလောင်းများကို ကောင်းမွန်စွာ သဂြိုလ်ရမည်။ ၄င်းတို့မှ ရရှိသော အထောက်အထား အပေါ် အမှီပြု၍ သက်ဆိုင်ရာ ဆွေးမျိုးမိဘထံ အကြောင်းကြားပေးရမည်။

(မှတ်ချက်။        ။ လူထုဆန့်ကျင်ရေး လုပ်ငန်းများကို များစွာ လုပ်ဆောင်ထားသော ရန်သူ တပ်ဗိုလ်၊ တပ်သားများအား သက်ဆိုင်ရာ အဖွဲ့အစည်းသို့ ခေါ်ဆောင်သွားရမည်။ အထက်အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။)

ပူးပေါင်းလာသော ရန်သူတပ်ဗိုလ်တပ်သားများ

ပူးပေါင်းလာသော ရန်သူတပ်ဗိုလ်တပ်သားများအား ရုတ်တရက် တပ်မတော်တွင်း၌ အသုံးမပြုသေးဘဲ တော်လှန်ရေး ခံယူချက်ပြည့်ဝလာသည့် အချိန်အထိ (တောလှန်ရေးအမြင်၊ အယူအဆ မှန်ကန်လာသည့် အချိန်အထိ)ပညာပေးရမည်။ အချို့ လာရောက်ပူးပေါင်းသူများသည် တော်လှန်ရေး ဆက်လက်မလုပ်ကိုင်လိုသော သူများ ဖြစ်သဖြင့် ၄င်းတို့၏ ဆန္ဒအရ အေးချမ်းစွာ လုပ်ကိုင်လိုပါက နေရာတကျ ခွင့်ပြုရန်ဖြစ်သည်။

 


ဆက်ဖတ်လိုပါက

နိဒါန် အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄) အပိုင်း(၅) အပိုင်း(၆) အပိုင်း(၇) အပိုင်း(၈)  နိဂုံး