|
နိဂုံး
တော်လှန်ရေးတစ်ရပ်ကို
အောင်မြင်စွာ
ဆင်နွှဲနိုင်ရေးသည်
အခြားသော
အခြေအနေများထက်
လူနှင့် လူ၏
စိတ်ဓါတ်သည်
ပို၍ အဓိက
ကျပေသည်။
ထို့ကြောင့်
တော်လှန်ရေးကို
ဆင်နွှဲနေကြသော
ကျွန်ုပ်တို့တပ်မတော်၏
တပ်မှူး
တပ်သားများသည်
မိမိကိုယ်ကျိုး
(သို့မဟုတ်)
အစုကလေး၏
အကျိုးစီးပွားအတွက်
တိုက်ခိုက်နေကြသည်
မဟုတ်ဘဲ
အဖိနှိပ်ခံ
အချယ်လှယ်ခံ
မွန်တမျိုးသားလုံးနှင့်တကွ
ဘဝတူ
အမျိုးသားအားလုံး
လူထုလူတန်းစားအားလုံး၏
လွတ်မြောက်ရန်အတွက်
တိုက်ခိုက်နေကြပေသည်။
ထိုသို့
တိုက်ခိုက်နိုင်ရန်အတွက်
မိမိတို့၏
ရည်ရွယ်ချက်ကို
မျက်ခြေပြတ်မခံပဲ
အနိုင်မခံ
အရှူံးမပေးသော
စိတ်ဓါတ်ဖြင့်
အောင်ပွဲရသည်အထိ၊
ကိုယ်စွမ်းရှိသမျှ၊
ဥာဏ်စွမ်းရှိသမျှ၊
အားသွန်ခွန်စိုက်
ကြိုးပမ်းသွားကြရမည်
ဖြစ်ပေသည်။
ဗဟိုကော်မတီ မွန်ပြည်သစ်ပါတီ အတည်ပြုသည့်နေ့ 1973
- ခုနှစ်၊
ဖေဖဝါရီလ (13)
ရက်။
|